0:00 / 0:00
ထိုင်းနိုင်ငံ မယ်ဆိုင်ဂူထဲမှာ ပိတ်မိနေတဲ့ လူငယ် ၁၃ ယောက်ထဲက နှစ်ယောက်ကို ဂူအပြင် ကယ်ထုတ်လာနိုင်ပြီလို့ နိုင်ငံတကာသတင်းဌာနတွေက ကြေညာလိုက်ပါတယ်။ ထိုင်းအစိုးရက ဒီနေ့မနက်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ကျွမ်းကျင်ရေငုတ်သမား ၁၈ ဦးက ပိတ်မိလူငယ်တစ်ဦးချင်းစီကို ကယ်ထုတ်မှာဖြစ်တယ်လို့ ကြေညာထားတာဖြစ်ပါတယ်။
မနက်ပိုင်းသတင်းစာရှင်းလင်းပွဲမှာ သတင်းယူနေတဲ့ တာချီလိတ်သတင်းအေဂျင်စီက ကိုဇောင်း ကို RFA သတင်းထောက် မသက်စုအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။
