TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး တာအိုက်ကျော်နဲ့ မေးမြန်းချက်

0:00 / 0:00

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအနီးတဝိုက်မှာ အစိုးရတပ်မတော်နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော်တို့ကြား အခုလ ၁၄ ရက်နေ့ကစတင်ပြီး ဒီနေ့ထိ တိုက်ပွဲဖြစ် ပွားနေပါတယ်။

ကွတ်ခိုင်မြို့နယ်နဲ့ မူဆယ်မြို့နယ်တလျှောက် ပြည်ထောင်စုလမ်းမပေါ်မှာ တိုက်ပွဲဖြစ်နေစဉ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က ခရီးသည်တင်ယာဉ်နဲ့ ကုန်တင်ယာဉ်တွေကို တားမြစ်ထားတာ၊ ကား ဘီးဖောက်တာ၊ ခရီးသွားတွေဆီက ငွေကြေးကောက်ခံတာနဲ့ လက်ကိုင်ဖုန်းတွေကို တောင်းယူတာတွေ ရှိနေတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

ခရီးသွားတွေဆီက ငွေကြေးတောင်းခံတာဟာ တအာင်းလွတ်မြောက်ရေးတပ်မတော်ဘက်က လုပ်ဆောင်တာမဟုတ်ဘူးလို့ TNLA ဘက်ကငြင်းဆိုပါတယ်။ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး တာအိုက်ကျော် ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။