0:00 / 0:00
မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်း (MRCCI) ဦးဆောင်ပြီး ညီနောင်အသင်းအဖွဲ့ ၃၇ သင်းနဲ့ စစ်ကိုင်း၊ မုံရွာ၊ မြင်းခြံ စတဲ့မြို့တွေက ကုန်သည်လုပ်ငန်းရှင် အသင်းအဖွဲ့တွေဟာ စီမံကိန်းနှင့်ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပြီး လုပ်ငန်းရှင်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို MRCCI အသင်းခန်းမမှာ ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ MRCCI အသင်း ဒုတိယဥက္ကဌ ဦးဝင်းဌေး ကို RFA သတင်းထောက် မသက်စုအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။
