0:00 / 0:00
မွန်တိုင်းရင်းသားတွေ ကန့်ကွက်နေတဲ့ သံလွင်တံတား (ချောင်းဆုံ) ကို ဗိုလ်ချုပ်အောင်ဆန်း တံတားဆိုပြီးအမည်ပေးဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်တာကို UNA လို့ခေါ်တဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့က ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။
