0:00 / 0:00
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ဦးတည်ချက်နဲ့ တပ်မတော်ဘက်က ဆောင်ရွက်ချက် တွေဟာ ကွဲပြားခြားနားနေပြီး အစိုးရအနေနဲ့ တပ်မတော်ကို သြဇာလွှမ်းမိုးမှုမရှိတာကြောင့် အားလုံးပါဝင်တဲ့ အပစ်ခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်လာဖို့ ခဲယဉ်းနေတယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုတိယဥက္ကဌ နိုင်ဟံသာက ပြောပါတယ်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုတိယဥက္ကဌ နိုင်ဟံသာကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
