0:00 / 0:00
ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်းစတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေရဲ့ ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေရဲ့ အမည်စာရင်းတွေကို သက်ဆိုင်ရာ NLD ရုံးတွေ ဒီကနေ့မှာ တရားဝင် စာအိတ်တွေဖွင့်ဖောက်ခဲ့ပြီး၊ အမည်စာရင်းတွေလည်း အင်တာနက် ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာတွေမှာ ထွက်ပေါ်နေပါတယ်။
NLD တာဝန်ရှိသူတွေကတော့ ဒီအမည်စာရင်းတွေကို အတည်မပြုနိုင်ကြောင်း ပြောကြပါတယ်။ NLD ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဖြစ်လာဖွယ်ရှိသူလို့ ထင်ကြေးပေးခံထားရတဲ့ ဦးညီပုကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
