0:00 / 0:00
တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးသန်းဌေးနဲ့ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးတို့ ဦးဆောင်တဲ့အဖွဲ့ဟာ ဒီရက်ပိုင်းအတွင်း တရုတ်နိုင်ငံကို သွားရောက်လေ့လာမှာဖြစ်ပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ တရုတ်ပြည်ခရီးစဉ်နဲ့ ပတ်သက်ပြီး ပါတီရဲ့ အလုပ်အမှုဆောင်ကော်မတီဝင် ဦးတင့်ဇော်ကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
