0:00 / 0:00
ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌနေရာကို ပါတီက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းနဲ့ အပြိုင်ဝင်ရောက်ရွေးချယ်ခံခဲ့တယ်ဆိုပြီး ရခိုင်အမျိုးသားပါတီ ANP ပါတီကနေ ထုတ်ပယ်လိုက်ပါတယ်။ အဲဒီလို ရခိုင်ပြည်နယ် လွှတ်တေ်ာဒုတိယ ဥက္ကဌ ဦးဦးမြသန်းကတော့ ထုတ်ပယ်ခံရတာကို သူ့အနေနဲ့ လက်မခံနိုင်ဘူးလို့ ပြောပါတယ်။
လွှတ်တေ်ာဒုတိယဥက္ကဌ ဦးဦးမြသန်းကို RFA သတင်းထောက် မဝေယံမိုးမြင့် ဆက်သွယ်မေးမြန်းထားပါတယ်။
