0:00 / 0:00
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကိုရောက်နေတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန် ဟီးလီဟာ ကျောက်ဖြူမြို့ဒေသခံတွေနဲ့ ဒီကနေ့ ကျောက်ဖြူမြို့ ပဲလေ့စ်ဟိုတယ်မှာ တွေ့ဆုံခဲ့ကြပါတယ်။
ရွှေဂတ်စ်ပိုက်လိုင်းစီမံကိန်း၊ ကျောက်ဖြူရေနက်စီမံကိန်းတွေကြောင့် ဒေသခံတွေအကျိုးအမြတ်မရတဲ့ အခြေအနေတွေကို တင်ပြခဲ့ကြတယ်လို့ ကျောက်ဖြူကျေး လက်ဒေသဖွံ့ဖြိုးရေးအသင်း ညှိနှိုင်းရေးမှူး ဦးထွန်းကြည်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
