0:00 / 0:00
လားရှိုးမြို့နဲ့ သိန်းနီမြို့ကြားက ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှာ စားသုံးရန်မသင့်တဲ့ စားသောက်ကုန်တွေ၊ အဝတ်အထည်တွေ၊ ဖိနပ်တွေ၊ ပိတောက်သစ်တွေ၊ သတ္တုမှုန့်တွေနဲ့ မြွေတွေကို ဒီနေ့ ဖမ်းဆီးရမိခဲ့ပါတယ်။ ဧပြီလ အတွင်းမှာ ဘိန်းဖြူမှုန့်တွေ၊ သစ်တွေ၊ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေအပြင် နွားတွေကိုပါ ဖမ်းဆီးနိုင်ခဲ့ တယ်လို့ ရေပူစစ်ဆေးရေးစခန်း၊ အကောက်ခွန်ဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က ပြောပါ တယ်။ ဦးတက်ထွန်းအောင် ကို RFA သတင်းထောက် မသီရိမင်းဇင်က ဆက်သွယ်မေးမြန်းထားပါတယ်။
