ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP ဥက္ကဋ္ဌ ဦးကျော်မြင့် မြန်မာပြည်တွင်း ပြန်လည်ရောက်ရှိလာတာဟာ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်က ပြည်ဝင်ခွင့် ပြန်ပေးခဲ့တဲ့ကိစ္စနဲ့ ဆက်စပ်မှုရှိနိုင်ပြီး အဲဒီအချိန်က ပြည်ဝင်ခွင့်ပြန်လည် စိစစ်တဲ့အဖွဲ့မှာ ဦးဆောင်ခဲ့သူတွေက သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့ ဖြစ်တယ်လို့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ် ကပြောပါတယ်။
ရာဇဝတ်မှုနဲ့ ထောင်ကနေ ထွက်ပြေးခဲ့တဲ့ ဦးကျော်မြင့် ပြည်တွင်းကို ပြန်လည်ဝင်ရောက်ပြီး နိုင်ငံရေးပါတီဥက္ကဋ္ဌ တာဝန်ယူနိုင်ခဲ့တဲ့ အခြေအနေတွေအပေါ် ပြန်လည်စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ်လို့ သူက ယူဆပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်ဝင်ခွင့်နဲ့ လွတ်ငြိမ်းချမ်းသာပေးတဲ့ လုပ်ငန်းစဉ်မှာ ဦးဆောင်လုပ်ခဲ့သူတွေနဲ့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ လဝက၊ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေဘက်ကလည်း ဦးကျော်မြင့် ပြည်တွင်းရောက်လာတဲ့ အခြေအနေကို ထုတ်ဖော်ရှင်းလင်းဖို့ လိုအပ်တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။
ဦးရဲထွဋ်ကို RFA သတင်းထောက် မဝေမာထွန်းက အွန်လိုင်းကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)
