မကွေးတိုင်း မြေစာရင်းဦးစီးဌာန ဦးစီးမှူး ဦးဇော်ဝင်းနဲ့ မေးမြန်းချက်

0:00 / 0:00

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မှာ ကာကွယ်ရေးဝန်ကြီးဌာနက သိမ်းယူပြီး ပညာရေးဝန်ကြီးဌာနထံ လွဲှပြောင်းပေးထားတဲ့ မြေဧက ၃ ထောင်ကျော်ထဲက ဧက ၂၆၀၀ ကျော်ကို မူလတောင်သူတွေဆီ လာမယ့် စက်တင်ဘာ ၁၂ ရက်နေ့မှာ ပြန်လည်ပေးအပ်သွားမယ်လို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရခြင်းများ ပြည်လည်စိစစ်ရေးကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာန ဦးစီးမှူး ဦးဇော်ဝင်းကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။