0:00 / 0:00
နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နကသ) ရဲ့ လာမယ့် သြဂုတ်လမှာ ကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု ညီလာခံအတွက် ပြင်ဆင်မှုတွေ၊ နကသ ဖွဲ့စည်းမှုကို ကျောင်းသားသမဂ္ဂတချို့က ကန့်ကွက်နေကြတဲ့အခြေအနေနဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) နဲ့ လက်တွဲပူးပေါင်းနိုင်မယ့်အလားအလာ စတာတွေနဲ့ပတ်သက်ပြီး န.က.သ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကိုဇေယျာလွင်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
