တီဘီရောဂါကာကွယ်ရေး- ဒေါက်တာဒေါ်စောစော

မြန်မာနိုင်ငံမှာ ကူးစက်ဖြစ်ပွားမှုအများဆုံးဖြစ်တဲ့ တီဘီရောဂါ ကာကွယ်ရေး ပညာပေးဖို့အတွက် တိုင်းရင်းသားနယ်မြေတွေမှာ FM ရေဒီယိုတွေကနေ စတင်ထုတ်လွှင့်နေပြီလို့ သိရပါတယ်။ တီဘီရောဂါ ကျန်းမာရေး အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) ဒုတိယ ညွှန်ကြားရေးမှုး ဒေါက်တာဒေါ်စောစောကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက တွေ့ဆုံမေးမြန်း ထားပါတယ်။