သီလဝါစီမံကိန်းနဲ့ မြေယာပြဿနာ

ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် သီလဝါကျေးရွာအနီးက လယ်မြေဧက တစ်ရာလောက်မှာ စီမံကိန်း အကောင်အထည်ဖော်မယ့် ဦးပိုင်ကုမ္ပဏီနဲ့ ဒေသခံ လယ်သမားတွေအကြား မြေယာအငြင်းပွားမှု ဖြစ်ပွားနေပါတယ်။ ဒီမြေနေရာမှာ ရှိနေတဲ့ တဲအိမ်တွေနဲ့ လူတွေကို ဖယ်ရှားဖို့ အာဏာပိုင်တွေက အင်အားသုံးဖြေရှင်းရာမှာ ပဋိပက္ခဖြစ်ပြီး ဒေသခံတချို့ ဒဏ်ရာရခဲ့ပါတယ်။

RFA သတင်းထောက်ကိုကျော်သူ တင်ပြထားပါတယ်။