လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ ကျော်က မန္တလေးသြင်္ကန်ကို နောက်ခံထား ရိုက်ကူးခဲ့တဲ့ "သြင်္ကန်မိုး" ရုပ်ရှင်ဇာတ်ကားကို ဒီနေ့အချိန်ထိ လူအများ နှစ်သက်လက်ခံနေကြဆဲဖြစ်ပါတယ်။ "သြင်္ကန်မိုး" ရုပ်ရှင် ဇာတ်ကား ဖန်တီးခဲ့ကြသူတွေ ပြန်ပြောပြတဲ့ "သြင်္ကန်မိုး" ရုပ်ရှင်အကြောင်း အပိုင်း (၁) ကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
