ပြည်ထဲရေးဝန်ကြီးဌာန ရှင်းလင်းပွဲ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနတို့ရဲ့ ဒုတိယတနှစ်တာအတွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ မေလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ကောက်နုတ်တင်ပြထားပါတယ်။