ကြည့်မြင်တိုင်က ပန်းတဉ်းလုပ်ငန်း

မြန်မာ့ရိုးရာပန်းဆယ်မျိုးထဲမှာ ပါဝင်တဲ့ ပန်းတဉ်းလုပ်ငန်းဟာ ပျူခေတ်၊ တကောင်းခေတ် ကတည်း က ရှိခဲ့တဲ့ လုပ်ငန်းတခုဖြစ်ပြီး ဒီနေ့အချိန်အထိ အဲဒီလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုသူတွေ အများအပြား ရှိနေဆဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့ အောက်ကြည့်မြင်တိုင်လမ်း (ပဒင်းတန်း) ဘောဂရပ်ကွက်က ပန်းတဉ်းပညာ ရပ်နဲ့ ဘုရားထီးတော်တင်လုပ်ငန်း လုပ်ကိုင်နေသူတွေအကြောင်းကို RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။