ရန်ကုန်မြို့ ကျောက်မြောင်းမြို့နယ်ကို ဧပြီလ ၄ ရက်နေ့ ဒီနေ့ ညနေ ၁ နာရီလောက်က စစ်ကောင်စီတပ်တွေ ရောက်လာပြီး လူငယ်အယောက် ၂၀ နီးပါးကို ရိုက်နှက်ဖမ်းဆီးသွားပါတယ်။ ဒီလိုဖမ်းဆီးနေစဉ် လမ်းထဲမှာ ဆဲဆိုကြိမ်းမောင်းသွားတယ်လို့လည်း သိရပါတယ်။