ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကမာရွတ်မြို့နယ်၊ လှည်းတန်းဈေးရှေ့မှာ အာဏာသိမ်းစစ်ကောင်စီ၊ တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် ကျဆုံးသွားခဲ့တဲ့ သပိတ်လူငယ်နှစ်ဦးကို ဒီနေ့ မတ်လ ၂ ရက်နေ့မနက်ပိုင်းမှာ ကျဆုံးသွားတဲ့နေရာအနီး ပြည်သူတွေက အမျှဝေပေးခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့က လှည်းတန်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လုံခြုံရေးအဖွဲ့တွေက အသံမိုင်း၊ မီးခိုးမိုင်းတွေအပြင် ကျည်ဆံအစစ်နဲ့ အကြမ်းဖက် ပစ်ခတ် နှိမ်နင်းခဲ့တာကြောင့် ညီညီအောင်ထက်နိုင်နဲ့ ဇင်လင်းထက်တို့ ကျည်ဆံထိမှန် သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။
ကျဆုံးသွားကြတဲ့ လူငယ်နှစ်ဦးကို ဒီနေ့သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။
