သစ်ရာကောက်ကို နောက်တစ်ကြိမ်ရောက်လာတဲ့ ဝန်ကြီးဦးအုန်းမြင့်

မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာ ဒေသခံတွေအပေါ် ရိုင်းရိုင်းပြပြ ပြောဆိုခဲ့တယ်လို့ သတင်းတွေပေါ်ထွက်ခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ဟာ မနေ့ကတခါ အဲဒီကျေးရွာကို သွားရောက်ခဲ့ပါတယ်။ ဒီအကြောင်း ကိုယ်တိုင် သတင်းရယူခဲ့တဲ့ RFA သတင်းထောက် ကိုဇော်တူးက မကွေးမြို့ကနေ သတင်းပေးပို့ထားပါတယ်။