၂၁ ရာစုပင်လုံမှာဆွေးနွေးဖို့ ၁၂ ချက်

မနက်ဖြန်မှာ စတင်ပြီး ၆ ရက်ကြာကျင်းပမယ့် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ ဆွေးနွေးဖို့ အချက် ၁၂ ချက် သဘောတူညီမှု ရရှိထားတယ်လို့ သိရပါတယ်။

နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ မနေ့က ၁ဝ နာရီကြာ ကျင်းပခဲ့တဲ့ UPDJC အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာပါ။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားပါတယ်။