ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ သူရဦးရွှေမန်းနဲ့ ပါတီဗဟိုခေါင်းဆောင် တချို့ကို ဖယ်ရှားလိုက်တာဟာ လာမယ့်ရွေးကောက် ပွဲနဲ့ နိုင်ငံရေးဖြစ်စဉ်တွေအပေါ် ရိုက်ခတ်မှုရှိနိုင်တယ်လို့ ဝေဖန်ပြောဆိုတာတွေ ရှိနေပါတယ်။ အခုလို အာဏာရနိုင်ငံရေးပါတီရဲ့ ထိပ်ပိုင်းရာထူးအပြောင်းအလဲနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီ ခေါင်းဆောင်တွေရဲ့ အမြင်သဘောထားကို RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
