ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ

၂ဝ၁၄ ဇန်နဝါရီ ၁၃ ရက်၊ ဒီကနေ့ ပြန်လည်ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးကို တက်ရောက်လာတဲ့ လက်ရှိအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်တချို့ကို ဖြေကြားခဲ့ပါတယ်။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စုစည်းတင်ပြထားပါတယ်။