အစိုးရနဲ့ လွှတ်တော်အပေါ် ပြည်သူတွေရဲ့အမြင်ကို စစ်တမ်းကောက်ယူ ခဲ့တဲ့ ရန်ကုန်အခြေစိုက် မြန်မာ့ရေးရာသုတေသနအဖွဲ့က ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲ တွေ စတင်ခဲ့ပြီး နောက်ပိုင်းမှာ ပြည်သူတွေက အစိုးရအပေါ် ထောက်ခံမှု အားနည်းနေသေးတယ်လို့ မြန်မာ့ရေးရာသုတေသနအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူ က ပြောပါတယ်။ ဦးဝင်းမျိုးသူကို RFA သတင်းထောက် ကိုမျိုးဇော်ကို က တွေ့ဆုံမေးမြန်းထားပါတယ်။
