ကချင်ပြည်နယ်က အစိုးရအုပ်ချုပ်ရေးနယ်မြေ အတွင်းမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင်မိသားစုတွေ ဟာ မိသားစုဝမ်းရေးအတွက် နေ့စားအလုပ်တွေ လုပ်ကိုင်ပြီး ဖြေရှင်းနေကြပါတယ်။ ဝိုင်းမော်မြို့နယ် ခတ်ချိုရွာ ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေကြတဲ့ "ရှမ်း၊ ကချင်၊ ဗမာ" စတဲ့ စစ်ဘေးရှောင် ဒေသခံတွေ အကြောင်းကို RFA သတင်းထောက် ကိုကျော်မျိုးမင်း တင်ပြထားပါတယ်။
