ရေဘေးသင့်ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရင်း အသက် စတေးခဲ့ရသူတွေနဲ့၊ ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတဲ့ လူမှုရေးအဖွဲ့အစည်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ “ကမ္ဘာ့လူသားချင်း စာနာမှုနေ့” အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့ ပန်းဝါလမ်းက ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ဦးသန့်နေအိမ်မှာ သြဂုတ်လ ၁၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် မသီရိမင်းဇင်က သတင်းပေးပို့ထားပါတယ်။
