ရေဦးမြို့နယ် ဒေသခံတွေက မေ ၂ ရက်နေ့ ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့မှာ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမတွေနဲ့ ရွာသူ၊ ရွာသားတွေ ပူးပေါင်းပြီး စစ်ကျွန်ပညာရေး အလိုမရှိကြောင်း၊ ကျောင်းမတက်ဘဲ အာဏာရှင်ကို တော်လှန်မယ်ဖြစ်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။