ရန်ကုန်မြို့လယ်နဲ့ ဘုတလင်မြို့နယ်တွေက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်

ဇွန်လ ၃ ရက် ဒီကနေ့ မနက် ရန်ကုန်မြို့လယ်က အနော်ရထာလမ်းမပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ် ပြုလုပ်ခဲ့ပါတယ်။ အလားတူ ဘုတလင်မြို့နယ် လေးမြေရွာနဲ့ ဝန်ပိုရွာတို့မှ စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ဖြတ်ရေး ပူးပေါင်းသပိတ် ပြုလုပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။