စစ်ကောင်စီကို အားပေးထောက်ပံ့တာတွေ မလုပ်ဖို့ တရုတ်ကို လူထု ဖိအားပေး

မြန်မာစစ်တပ်ကို အားပေးတာ၊ ထောက်ပံ့တာတွေ မလုပ်ဖို့ ရန်ကုန်မြို့က တရုတ်သံရုံးရှေ့မှာ နေစဉ် ဆန္ဒပြ တောင်းဆိုနေကြပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာလည်း တရုတ်သံရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုသူတွေ ရာနဲ့ချီ ရှိနေပါတယ်။