KNU ထိန်းချုပ်ရာ နယ်မြေမှာ ရွေးကောက်ပွဲဆန့်ကျင်ဆန္ဒပြပွဲများပြုလုပ်

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပိုင်း (၁) ကျင်းပနေတာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာနယ်မြေထဲက နေရာ ၁၀ ခုခန့်မှာ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လူအင်အားရာနဲ့ချီပါဝင်တဲ့ ဆန္ဒပြပွဲတွေကို ဒေသခံတွေက ဆင်နွှဲခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲတွေကို ကရင်ပြည်နယ် ဘားအံမြို့နယ်၊ မွန်ပြည်နယ် သထုံမြို့နယ်နဲ့ ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲက ဒေသတချို့မှာ ကရင်လူငယ်အစည်းအရုံး-KYO က ဦးဆောင်ပြုလုပ်ခဲ့တာပါ။

ရွေးကောက်ပွဲ အလိုမရှိကြောင်း ကြွေးကြော်သံတွေ ကြွေးကြော်တာ။ “သင့်မဲ့ဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” “စစ်အာဏာရှင်စနစ်သက်ဆိုးရှည်မည့် ရွေးကောက်ပွဲအလိုမရှိ” ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

ရွေးကောက်ပွဲ အပိုင်း (၁) မှာ ကရင်ပြည်နယ်ထဲက မြ၀တီ၊ ဘားအံနဲ့ သံတောင်ကြီး၊ မွန်ပြည်နယ်ထဲက သထုံ၊ မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရောနဲ့ ကျိုက်ထုံမြို့နယ်တို့မှာ ရွေးကောက်ပွဲကျင်းပနေပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာနယ်မြေ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲမြင်ကွင်းများ
myanmar-election-knu-protest ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာနယ်မြေ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲမြင်ကွင်းများ (Karen Youth Organization-KYO)