နိုင်ငံသားတွေ နိုင်ငံကူးလက်မှတ် လျှောက်ထားခွင့်ကို ပိုမိုတင်းကြပ်လိုက်တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေကို စစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက ၂၀၂၆ မတ်လ ၁၇ ရက်နေ့ နေ့စွဲနဲ့ ပြဋ္ဌာန်းလိုက်ပါတယ်။
ဒီဥပဒေ အပိုဒ် ၂၉ မှာ စစ်ကော်မရှင်က နိုင်ငံသားအဖြစ်က ရပ်စဲထားသူတွေ၊ ပြစ်ဒဏ်ကျခံနေရသူတွေ၊ နိုင်ငံတော်လုံခြုံရေးနဲ့ နိုင်ငံတော်အကျိုးစီးပွားကို နှောက်ယှက်ဖျက်ဆီးမယ့်သူဟု ယူဆခံရသူတွေ၊ လွတ်ငြိမ်း ချမ်းသာခွင့်ရပေမယ့် ပြစ်မှုပြစ်ဒဏ်ကာလ မပြည့်သေးသူတွေကို နိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့ ငြင်းဆိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒီဥပဒေအရ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ကို စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးက ကိုယ်စားလှယ် တစ်ဦးအပါအဝင် အဖွဲ့ဝင် ၁၀ တိုးအထိ ဖွဲ့စည်းမှာဖြစ်ပြီး ဒီအဖွဲ့က နိုင်ငံကူးလက်မှတ် ထုတ်ပေးတာကို တားမြစ်နိုင်သလို ထုတ်ပေးပြီး နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်တာလည်း လုပ်ခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။
