မြန်မာပြည်တွင်းစစ်မှာ ပါဝင်တိုက်ခိုက်မယ့်သူအား သြစတေလျဖမ်းဆီး

မြန်မာပြည်တွင်းမှာ လက်နက်ကိုင်အဖွဲ့တခုနဲ့ပေါင်းပြီး တိုက်ခိုက်တာတွေ လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ထိုင်းကိုသွားခဲ့။

သြစတြေးလျနိုင်ငံ၊ ကွင်းစလန်ပြည်နယ်က အသက် ၃၃ နှစ် အရွယ် အမျိုးသားတဦးကို မြန်မာနိုင်ငံ ပြည်တွင်း စစ်မှာ ပါဝင်တိုက်ခိုက်ဖို့ စီစဥ်ခဲ့တဲ့ စွဲချက်နဲ့ သြစတေလျနိုင်ငံ ဘရစ်စဘိန်းလေဆိပ်မှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ သြစတေလျ ABC သတင်းဌာနက မတ်လ ၂၆ ရက်နေ့က သတင်းရေး သား ဖော်ပြပါတယ်။

အက်တီလီယို အိုင်‌ဗော ဖိလစ် ဒါလာဗယ်လ် (Attilio Ivor Filip Dallavalle) ဟာ မြန်မာပြည်တွင်းမှာ လက်နက်ကိုင်အဖွဲ့တခုနဲ့ပေါင်းပြီး အကြမ်းဖက်တိုက်ခိုက်တာတွေ လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပြီး သူ့ခရီးဆောင်အိတ်ထဲက ညကြည့်မှန်ပြောင်းအပါအဝင် စစ်ဘက်ဆိုင်ရာ တံဆိပ်တွေ၊ ဖုန်းနဲ့ ကွန်ပျူတာမှာလည်း အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ အထောက်အထားတွေ တွေ့ရှိခဲ့တယ်လို့ ဖော်ပြထား ပါတယ်။

ဩစတြေးလျနိုင်ငံသားတွေအနေနဲ့ ပြင်ပထွက်ပြီး အကြမ်းဖက်တိုက် ခိုက်ဖို့ ပူးပေါင်းပါဝင်တာကို ဥပဒေအရတားမြစ်ထားပြီး ကျူးလွန်ရင် အမြင့်ဆုံး ထောင်ဒဏ်တသက် တကျွန်း ချမှတ်ခံရနိုင်ပါတယ်။ .