မကွေးတိုင်း ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံကျေးရွာအုပ်စု မြောက်လူးကံရွာကို စစ်တပ်က ဧပြီလ ၁၂ ရက်နေ့မှာမီးရှို့တဲ့အတွက် အိမ် ၄၀၀ ကျော်မီးလောင်ကျွမ်းပြာကျသွားတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
မြောက်လူးကံရွာဟာ ပခုက္ကူလေဆိပ်အနောက်ဖက်မှာတည်ရှိပါတယ်။ အနှစ် နှစ်ဆယ်လောက်မသုံးပဲထားတဲ့ လေဆိပ်ကို အာဏာသိမ်းစစ်ကော်မရှင်ဟာ ၂၀၂၄ ခုနှစ်ကတည်းကပြင်ဆင်နေပြီး၊ လုံခြုံရေးအကြောင်းပြချက်နဲ့ ပတ်ဝန်းကျင်ရွာတွေကို မကြာခဏစစ်ကြောင်းထိုးတဲ့အကြောင်း RFA က ၂၀၂၄ ဒီဇင်ဘာ ၆ ရက်နေ့မှာ သတင်း တင်ပြခဲ့ပါတယ်။
အဲဒီကာလကတည်းက ရွာသားတွေလည်းဘေးလွတ်ရာမှာရှောင်နေရတာပါ။ အခုတော့ တစ်ရွာလုံးမီးလောင်ပြာ ကျသွားတဲ့အကြောင်း ရွာသားတွေက အခုလိုပြောဆိုပြီး လူမှုကွန်ယက်မှာတင်လာကြတာဖြစ်ပါတယ်။
