စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ခက်ခဲကြမ်းတမ်းစွာ ကြိုးစားရုန်းကန်နေရတဲ့ မြန်မာ လူငယ်တွေရဲ့ ဘ၀တွေအကြောင်း “စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ်” ပေါ့ကတ်စ် ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်နေပါပြီ။
ဒီတစ်ပတ်အစီအစဉ်မှာတော့ မြန်မာပြည်မှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း မလုံခြုံမှုနဲ့ ကုန်စျေးနှုန်းကြီး မြင့်မှုတွေကြောင့် ဘွဲ့ရပညာတတ်လူငယ်တစ်ယောက်ဖြစ်ပေမဲ့ ထိုင်းနိုင်ငံကိုသွားပြီး အလုပ်နှစ်ခုလုပ်ရင်း မိဘကိုထောက်ပံ့ဖို့ ဘ၀ကိုကြိုးရုန်းကန်နေတဲ့ မအိမျိုးသူနဲ့ စကားပြောထားပါတယ်။
သူဟာ ချင်းမိုင်မြို့မှာ အိမ်သန့်ရှင်းရေးနဲ့ စားသောက်ဆိုင်စားပွဲထိုးအဖြစ် အလုပ်နှစ်ခုကို တပြိုင်တည်းလုပ်ပြီး မြန်မာနိုင်ငံမှာကျန်ခဲ့တဲ့ မိသားစုကို ထောက်ပံ့နေသူဖြစ်ပါတယ်။
ဒီအစီအစဉ်ကို RFA Burmese ရဲ့ Website, Facebook နဲ့ YouTube စာမျက်နှာ တွေမှာ ကြည့်ရှု နားဆင်နိုင်ပါတယ်။
