အထက်တန်းကျောင်းသူတစ်ဦးဖြစ်တဲ့ အန်နာဟာ စစ်အာဏာသိမ်းလိုက်တဲ့အတွက် တခြားလူငယ်တွေလိုပဲ စစ်တပ်ကို လက်နက်ကိုင်တိုက်ဖို့ တောခိုခဲ့တဲ့အကြောင်း ဒီတစ်ပတ်အစီအစဉ်မှာ နားဆင်ရမှာဖြစ်ပါတယ်။
အန်နာဟာ လက်ရှိ ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF) မှာ လက်ဖြောင့်စနိုက်ပါသမား တစ်ဦးအဖြစ်ပါဝင်နေပါတယ်။
“စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ်” ပေါ့ကတ်စ် အစီအစဥ်ဟာ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲဖြစ်လာတဲ့ ဒုက္ခသုက္ခတွေထဲ ခက်ခဲကြမ်းတမ်းစွာ ကြိုးစားရုန်းကန်နေရတဲ့ မြန်မာလူငယ်တွေရဲ့ ဘ၀တွေအကြောင်း ပြောပြနေတာဖြစ်ပါတယ်။
ဒီအစီအစဥ်အပြည့်အစုံကို အပတ်စဉ် စနေနေ့တိုင်း မြန်မာစံတော်ချိန် မနက် ၇ နာရီမှာ RFA Burmese ရဲ့ Website , Facebook နဲ့ YouTube တွေကနေ ထုတ်လွှင့်နေတာဖြစ်ပါတယ်။
