အာဆီယံဥက္ကဋ္ဌ နဲ့ NUG ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံဆွေးနွေး

RFA Burmese
2025.04.18
အာဆီယံဥက္ကဋ္ဌ နဲ့ NUG  ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံဆွေးနွေး NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နဲ့ အာဆီယံဥက္ကဌ အန်နဝါအီဘရာဟင်တို့ အွန်လိုင်းက တွေ့ဆုံဆွေးနွေးစဉ်။
Facebook/Anwar Ibrahim

အမျိုသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်တို့ ဧပြီ ၁၈ ရက် ဒီနေ့မနက်ပိုင်းက အွန်လိုင်းကတဆင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံပွဲအတွင်း အာဆီယံဥက္ကဋ္ဌနဲ့တကွ အဖွဲ့ဝင်နိုင်ငံတွေအားလုံးနဲ့ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရေးအပါအဝင် မြန်မာပြည်သူတွေထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ထိရောက်စွာ ပေးပို့ ဖြန့်ဝေနိုင်ရေးကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်ဟာ ဧပြီလ ၁၇ ရက်နေ့ မနေ့ကလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာပြည်သူတွေရဲ့ အရေးပေါ်လူသားချင်းစာနာမှု လိုအပ်ချက်တွေ နဲ့ မြန်မာပြည်ပုံမှန်အခြေအနေပြန်လည်ရောက်ရှိရေးတွေကို ဆွေးနွေးခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။