တောင်ကိုရီးယားက လူဦးရေနည်းတဲ့ဒေသ မြန်မာဒုက္ခသည်တွေ လာနေထိုင်ဖို့ ကြိုးစား

RFA Burmese
2025.03.12
တောင်ကိုရီးယားက လူဦးရေနည်းတဲ့ဒေသ မြန်မာဒုက္ခသည်တွေ လာနေထိုင်ဖို့ ကြိုးစား တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့တွင် ကျင်းပသည့် ၁၇ ကြိမ်မြောက် အာရှအားကစားပွဲမြင်ကွင်းတစ်ခု။
Photo: AFP

တောင်ကိုရီးယားနိုင်ငံမြောက်ပိုင်း Gyeongsang ပြည်နယ်၊ Yeongyang စီရင်စုမှာ လူဦးရေကျဆင်းနေတဲ့အတွက် မြန်မာဒုက္ခသည် ၄၀ လောက်လာရောက်နေထိုင်နိုင်ဖို့ ကြိုးစားနေတယ်လို့ တာဝန်ရှိသူတွေက မတ် ၁၂ က ပြောတဲ့အကြောင်း The Korea Herald က ဖော်ပြပါတယ်။

ကုလသမဂ္ဂ အကာအကွယ်အောက်က ဒုက္ခသည်တွေ Yeongyang မှာ အခြေချနေထိုင်နိုင်မလားဆိုတာ တရားရေးဝန်ကြီးဌာနနဲ့ Yeongyang စီရင်စုက ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။ သူတို့ရောက်လာရင် နေထိုင်ဖို့အတွက်လည်း ပိတ်ထားတဲ့ကျောင်းတွေကို အိမ်ရာအဖြစ်ပြောင်းဖို့ စတာတွေကိုလည်း သုံးသပ်စဉ်းစားပါတယ်။

တောင်ကိုရီးယားခရိုင်တွေထဲ Yeongyang ဟာလူဦးရေးအနည်းဆုံးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်နီးပါး ၂၀၀၆ ဇန်နဝါရီမှာ လူဦးရေ ၂၀၀၀၀ မပြည့်ခဲ့ဘဲ ဒီနှစ် ဖေဖော်ဝါရီအရောက် ၁၅၂၀၀ ကျော်ရှိပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာ ၁၅၀၀၀ တောင်မပြည့်နိုင်ဘူးလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေရဲ့ မိသားစုတွေ၊ ဆွေမျိုးတွေကို Yeongyang ဒေသခံတွေအဖြစ် မှတ်ပုံတင်တာအပါအဝင် လူဦးရေကျဆင်းနေတာကို စီရင်စုအာဏာပိုင်က မကြာခင်နှစ်ပိုင်းတွေမှာ ထိန်းနိုင်ဖို့ဆောင်ရွက်ခဲ့ပါတယ်။ ကလေးမွေးရင် အမေရိကန်ဒေါ်လာ ၆၈၀၀၀ ပေးဖို့ထိမက်လုံးပေးပေမဲ့ တစ်နှစ်ကို ကလေး ၂၅ ယောက်ပဲမီးဖွားပြီး သေဆုံးသူက ၃၀၀ လောက်ရှိပါတယ်။ အနှစ် ၂၀ အကြာမှာ နှစ်စဉ် လူ ၁၀၀ မွေးပြီး ၂၀၀ သေဆုံးတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။