တော်လှန်ရေးအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ကောင်စီကို ထိုင်းဝန်ကြီးချုပ်ဟောင်း တိုက်တွန်း

RFA Burmese
2025.04.13
တော်လှန်ရေးအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ကောင်စီကို ထိုင်းဝန်ကြီးချုပ်ဟောင်း တိုက်တွန်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ နဲ့ သမီး လက်ရှိထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာ။
AP

မြန်မာပြည်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ စစ်ကောင်စီကို တိုက်တွန်းခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ပြောကြားကြောင်း The Nation သတင်းက ဧပြီ ၁၃ ရက်နေ့မှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဧပြီလ ၄ ရက်နေ့က ကျင်းပတဲ့ BIMSTEC ထိပ်သီးစည်းဝေးပွဲအတွင်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ကြောင်း မစ္စတာသက်ဆင်က ထုတ်ဖော်ပြောခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။

“ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်ရရှိလိုတာကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ စကားပြောခွင့်ရခဲ့တယ်” လို့ မစ္စတာသက်ဆင်က ပြောပါတယ်။

စစ်ကောင်စီနဲ့ တိုက်ရိုက်စကားပြောခြင်းဟာ ငြိမ်းချမ်းရေးလမ်းစကို ရှာဖွေလိုတဲ့အတွက်ဖြစ်ပြီး ထိုင်းနိုင်ငံက တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီကြား ကြားဝင်ဖျန်ဖြေဖို့အတွက် အသင့်ရှိနေတယ် လို့ ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ တွေ့ဆုံမှုအပေါ် ထိုင်းပညာရှင်တွေရဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း သူက သိရှိကြောင်း၊ သူ့ရဲ့သမီးဖြစ်သူ ဝန်ကြီးချုပ် Paetongtarn Shinawatra ကိုလည်း မြန်မာစစ်အစိုးရကို ထောက်ခံတယ်လို့ ထင်မြင်လာမှာစိုးရိမ်တဲ့အတွက် စစ်ကောင်စီနဲ့ နီးနီးကပ်ကပ်ဆက်ဆံခြင်းတွေကို ရှောင်ရှားဖို့ ထိုင်းပညာရှင်တွေက သတိပေးထားကြောင်း ဝန်ကြီးချုပ်ဟောင်းသက်ဆင် က ပြောကြားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။