တမူးမှာ စစ်ကောင်စီတပ် ပစ်ခတ်လို့ လင်မယားနှစ်ဦး သေဆုံး

2021.04.13
တမူးမှာ စစ်ကောင်စီတပ် ပစ်ခတ်လို့ လင်မယားနှစ်ဦး သေဆုံး တမူးမြို့မှာ စစ်ကောင်စီတပ် ဝင်ရောက်ပစ်ခတ်တာကြောင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းထဲ ပုန်းအောင်းနေသူကို တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊တမူးမြို့က နွားနို့ပို့တဲ့ ဂေါ်ရခါးလူမျိူး လင်မယားနှစ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခဲ့တဲ့အတွက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဧပြီလ ၁၃ ရက်နေ့ နေ့လယ်က မြို့မ ၁၂ ရပ်ကွက် ပါဟဲ တံတားအနီးမှာ ပစ်ခတ်ခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

နွားနို့သွားပို့တာ ဆိုင်ကယ်မောင်းရင်း ပစ်ခံလိုက်ရတာ။ အလောင်းလာယူဖို့ ပြောထားပေမဲ့ ဘယ်သူမှ သွားမယူရဲသေးဘူးလို့ တမူးမြို့ ဒေသခံက ပြောပါတယ်။

တမူးမြို့မှာ ဒီကနေ့မှာလည်း ပစ်ခတ်တာတွေရှိနေပြီး တမူးနဲ့နန့်ဖာလုံကြား တံတားတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စစ်ဆေးတာတွေလုပ်နေပြီး ယောက်ကျားလေး သုံးယောက် ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။