စမ်းသပ်စီမံချက် ရန်ကုန်ရေ ဆုံးရှုံးမှု လျှော့ချနိုင်ခဲ့

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရေဆုံးရှုံးမှုဆိုင်ရာ အစပျိုးစမ်းသပ်မှုလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်တယ်လို့ မနီလာ ရေ၊ အာရှပစ္စဖိတ်ကုမ္ပဏီက ကြေညာပါတယ်။

ဒီစီမံကိန်းကို မနီလာရေကုမ္ပဏီနဲ့အတူ Mitsubishi ကော်ပိုရေးရှင်းနဲ့ ရန်ကုန်မြို့တော် စည်ပင်တို့ပူးတွဲပြီး တရားမဝင်သွယ်တန်းမှုတွေကြောင့်နဲ့ ယိုစိမ့်မှုကြောင့် မြို့တွင်းရေဆုံးရှုံးတာတွေကို လေ့လာခဲ့တာဖြစ်ပါတယ်။

လေ့လာမှုတွေပြုလုပ်ပြီးချိန်မှာ ရေဆုံးရှုံးမှု ၅၄%ကနေ ၁၄%အထိ လျော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီစီမံကိန်းဟာ မနီလာရေကုမ္ပဏီ၊ Mitsubishi ကော်ပိုရေးရှင်းနဲ့ ရန်ကုန်မြို့တော် စည်ပင်တို့ ၂ဝ၁၄ ခုနှစ်က လက်မှတ်ရေးထိုးထားတဲ့ နားလည်မှုစာချွန်ပါ လုပ်ငန်းတွေဖြစ်တယ်လို့ ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ Virgilio C River Jr ကပြောပါတယ်။