တပ်မတော်နဲ့ ပြည်သူ

အခုတပတ် ဦးခင်မောင်ညိန်း စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ပြည်သူတွေ စိတ်ပျက် မုန်းတီးနေတဲ့ တပ်မတော်ကို ပြည်သူ တွေ လက်ခံကြည်ဖြူမယ့် တပ်မတော် ဖြစ်လာအောင် ဘယ်လို လုပ်သင့်သလဲ၊ တပ်မတော်သားတွေကို ပြည်သူနဲ့ သွေးခွဲထားတာကို ဘယ်လို ဟန့်တားမလဲ ဆိုတာတွေကို အခြေပြု ဆွေးနွေးတင်ပြထားပါတယ်။

0:00 / 0:00

ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးထားသူတွေကတော့ ပြည်ပရောက် တပ်မတော် အရာရှိဟောင်းတွေ ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြန်မာသံရုံး ဒုတိယ အကြီးအကဲတာဝန် ထမ်းဆောင်ခဲ့သူ ဦးအောင်လင်းထွဋ်၊ စစ်အစိုးရ နျူကလီးယားစီမံကိန်းမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်မှူးစိုင်းသိန်းဝင်း၊ ရှစ်လေးလုံး အရေးတော်ပုံမှာ ပါဝင်ခဲ့သူ ဗိုလ်ကြီးစိုင်းဝင်းကျော်နဲ့ RFA ပြင်ပဆောင်းပါးရှင် ဗိုလ်မြတ်နိုး တို့ ဖြစ်ကြပါတယ်။

အသံဖိုင်ယူရန်။