0:00 / 0:00
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ဖြစ်ပွားခဲ့တဲ့ အစိုးရတပ်မတော် နဲ့ ကေအိုင်အေတို့ရဲ့ စစ်ရေးပဋိပက္ခတွေအတွင်း ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေသူတွေနဲ့ ပိတ်မိနေသူတွေကို ပြည်နယ် ကြက်ခြေနီအသင်းက ကူညီထောက်ပံ့နေပါတယ်။
မန်ဝယ်၊ နမ္မတီး၊ တနိုင်း-အောင်လွတ်ဒ်၊ အင်ဂျန်းယန်၊ ချီဖွေ၊ စတဲ့ ဒေသတွေဘက်ကို ဧပြီလ ၁၉ ရက်နေ့ကစပြီး မြေပြင်ကွင်းဆင်းကာ ကူညီထောက်ပံ့နေတဲ့ ကချင်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဂဲနက်စ် ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဒီကနေ့ တွေ့ဆုံမေးမြန်းထားပါတယ်။
