0:00 / 0:00
ကချင်ပြည်နယ် တနိုင်းမြို့နယ်က အောင်လော့ရွာနဲ့ အခြားရွာ ၂ ရွာက စစ်ပြေးဒုက္ခသည် ပြည်သူတွေ ကိုယ့်ရွာကိုယ်ပြန်လာနေလို့ရပြီဆိုပြီး မြန်မာ့တပ်မတော်က မနေ့က တနိုင်းမြို့ပေါ်မှာ လိုက်ပြီးကြေညာခဲ့ပါတယ်။
ဒီလိုကြေညာတာကို မြို့ပေါ်က အကူအညီပေးနေတဲ့သူတွေက တောထဲမှာပုန်းနေတဲ့ပြည်သူတွေကို အသိပေးချင်ပေမယ့် အဆက်အသွယ်မရဘူးလို့ ဆိုပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ တနိုင်းမြို့က ခရစ်ယာန်ဘာသာရေးဆရာ ဆရာနော်တောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
