ရန်ကုန်မြို့လယ်ခေါင်မှာ ရဲနဲ့စစ်တပ်က လူငယ်နှစ်ဦးကို ရိုက်နှက်ဖမ်းဆီး

မတ်လ ၁၂ ရက်နေ့ ဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့ ၄၉ လမ်းနဲ့ အနော်ရထာလမ်းထောင့်က Lucky Seven လက်ဖက်ရည်ဆိုင်အနီးမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လူငယ်နှစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွားတဲ့ ဗီဒီယိုမှတ်တမ်းဖြစ်ပါတယ်။

ဒီလူငယ်နှစ်ဦးက ဘယ်သူတွေလဲ ဘယ်ကိုဖမ်းဆီးသွားလဲဆိုတာတော့ RFA က သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစပြီး ရန်ကုန်မြို့တွင်းမှာ ဖမ်းဆီးစစ်ဆေးတာတွေ တစ်ရက်တခြားများလာနေပြီး လမ်းဘေးဈေးသည်တွေကိုပါ ရိုက်နှက်ဖမ်းဆီးလာနေတာကြောင့် ဈေးသည်တော်တော်များများ ကြောက်လန့်ပြီး ဈေးဆိုင်မထွက်ရဲကြဘူးလို့ မြို့ခံတွေက ပြောကြပါတယ်။

နိုင်ငံရေးအကျဉ်းသားစောင့်ရှောက်ရေးအဖွဲ့ AAPP အဖွဲ့ရဲ့စာရင်းအရ စစ်အာဏာသိမ်းအပြီး အဖမ်းဆီးခံထားရသူ အရေအတွက်ဟာ (၁၇၀၀)ကျော် ရှိသွားပြီဖြစ်ပါတယ်။