မူးယစ်ဆေးနွံထဲက အသေခံတပ်သားများ

စိန်ခေါ်ချက်များနဲ့မြန်မာလူငယ်-အပိုင်း (၃၈)

ဒီတစ်ပတ်အစီအစဉ်မှာတော့ စစ်ကိုင်းတိုင်းထဲမှာ နယ်မြေရှင်းလင်းရေးလုပ်ရင်း တစ်ရွာဝင် တစ်ရွာထွက် နေအိမ်မီးရှို့ဖျက်ဆီးမှုတွေ၊ ပစ္စည်းလုယက်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်ကြောင်းတွေမှာပါဝင်ခဲ့တဲ့ စစ်ကိုင်းတိုင်းအခြေစိုက် ခြေမြန်တပ်မ ၃၃ က ဒုတပ်ကြပ် ကိုဆည်လေးနဲ့ စကားပြောထားပါတယ်။

သူတာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ထဲမှာ မူးယစ်ဆေးဝါးကို အလွယ်တကူ ရရှိနိုင်သလို မူးယစ်ဆေးသုံးထားတဲ့ စစ်မှုထမ်းတပ်သားတွေဟာ ရှေ့တန်းစစ်မြေပြင်တွေမှာ အသေခံ တပ်သားတွေအဖြစ် အသုံးချခံနေရကြောင်း ကိုဆည်လေးကပြောပါတယ်။

ကိုဆည်လေးဟာ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ စစ်တပ်ရဲ့ နယ်မြေ ရှင်းလင်းရေးတွေအတွင်းပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ ဘက်ပြောင်းခိုလှုံကာ စစ်တပ်ကိုလက်နက်ကိုင်ပြီး ပြန်တိုက်နေပါတယ်။

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဒုက္ခသုက္ခတွေထဲ ခက်ခဲကြမ်းတမ်းစွာ ကြိုးစားရုန်းကန်နေရတဲ့ မြန်မာလူငယ်တွေရဲ့ ဘဝတွေအကြောင်း ပြောပြနေတဲ့ “စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ်” ပေါ့ကတ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်နေပါပြီ။

ဒီအစီအစဉ်ကို RFA Burmese Website https://www.rfa.org/burmese/

Facebook https://www.facebook.com/rfaburmeseနဲ့

YouTube https://www.youtube.com/channel/UCE75dgnEYPacknHHg3a3sJg တွေကနေလည်း ကြည့်ရှု နားဆင်နိုင်ပါတယ်။