ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နှင့် ဒီမိုကရေစီမိတ်ဆွေများ အဖွဲ့တွေ့ဆုံ

ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီ ၁၁ ပါတီ နဲ့စုဖွဲ့ထားတဲ့ ဒီမိုကရေစီ မိတ်ဆွေများ ပါတီအဖွဲ့နဲ့ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယားတို့ဟာ ရန်ကုန်မြို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး UNDP ရုံးမှာ မေလ ၁၃ ရက် ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီကနေ့ တွေ့ဆုံဆွေးနွေးပွဲရဲ့ အဓိကရည်ရွယ်ချက်က ကုလသမဂ္ဂ အနေနဲ့ အချက်အလက် စုံစမ်း ရှာဖွေရေးအတွက် အဓိကထား ဆွေးနွေးသွားကြောင်း သိရပါတယ်။ ဆွေးနွေးကြတဲ့ အကြောင်းအရာတွေထဲမှာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ သမတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းအပေါ် ပါတီတွေ ရဲ့သဘောထား ၊ အာဆီယံအဖွဲ့မှာ မြန်မာအစိုးရက အလှည့်ကျဥက္ကဋ္ဌ ဖြစ်ရေးအပေါ် သဘောထားတွေကို မစ္စတာ နမ်ဘီးယားက မေးမြန်းခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာ သန်းငြိမ်းက RFA ကို ပြောပါတယ်။

ဒါ့အပြင် ဒီမိုကရေစီ မိတ်ဆွေများ ပါတီတွေဖက်က နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် အကူအညီတွေ တိုးပေးသွားရေးကိုလည်း မစ္စတာ နမ်ဘီးယားနဲ့ ဆွေးနွေးသွားခဲ့တယ်လို့ ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။

RFA အဖွဲ့သား ကိုဝင်းနိုင်က ဒေါက်တာသန်းငြိမ်းနဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်

အသံဖိုင်ယူရန်