ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေတာကြောင့် တိုင်းနဲ့ ပြည်နယ် ၅ခုမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထုတ်ပြန်ပါတယ်။
ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ မွန်နဲ့ ရခိုင်တို့မှာ မနက်ဖြန်ကစပြီး မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေး၊ မကွေး၊ နေပြည်တော်၊ စစ်ကိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ နေရာစိပ်စိပ် မိုးရွာနိုင်ပြီး ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာဆိုရင်တော့ နေရာအနှံ့ပြား မိုးရွာမှာဖြစ်ပါတယ်။
မနေ့ကတော့ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီ၊ တနင်္သာရီနဲ့ ကရင် စတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ နေရာကွက်ပြီး မိုးကြီးခဲ့တယ်လို့ သိရပါတယ်။
မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လလယ်လောက် မိုးကြီးခဲ့တာကြောင့် လူဦးရေ ၇ထောင်ကျော် ရေဘေးသင့်ခဲ့ပြီး တစ်ဦးသေဆုံးခဲ့ပါတယ်။
