စစ်ဗိုလ်ဖြစ်ချင်ခဲ့တဲ့ လူငယ်တော်လှန်ရေးသမား

(စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ် - ၂၁)

ဒီတစ်ပတ်အစီအစဉ်မှာတော့ ငယ်ဘဝမှာ စစ်ဗိုလ်ဖြစ်ချင်ခဲ့တဲ့သူတစ်ယောက်ဟာ စစ်အာဏာ သိမ်းလိုက်တဲ့အချိန်မှာတော့ စစ်တပ်ကို လက်နက်ကိုင်ပြန်တိုက်နေတဲ့ တော်လှန်ရေးသမား တစ်ယောက်ဖြစ်လာတဲ့ ကိုအောင်ပြည့်စုံဖြိုး နဲ့ စကားပြောထားပါတယ်။

ကိုအောင်ပြည့်စုံဟာ စစ်အာဏာသိမ်းတဲ့အချိန်ကနေ လက်ရှိအချိန်အထိ အညာဒေသက ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) မှာ ပါဝင်နေသူတစ်ယောက်ဖြစ်ပါတယ်။

စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ် အစီအစဥ်ကို RFA Burmese Website, RFA Burmese Facebook နဲ့ YouTube မှာ မြန်မာစံတော်ချိန် စနေနေ့မနက် ၇ နာရီမှာ အပတ်စဥ် ထုတ်လွှင့်နေတာဖြစ်ပါတယ်။