စီဒီအမ် ရဲအရာရှိတစ်ယောက်ရဲ့ ဝမ်းရေးတိုက်ပွဲ

“စိန်ခေါ်ချက်များနဲ့မြန်မာလူငယ် - ၁၃”

ဒီတစ်ပတ်အစီအစဉ်မှာတော့ အာဏာသိမ်းစစ်တပ်က ဆန္ဒပြအရပ်သားတွေကို ပစ်ခတ်နှိမ်နင်းဖို့ ညွှန်ကြားတာကို ငြင်းပယ်ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ပြီးနောက် ဘဝကိုခက်ခက်ခဲခဲရပ်တည်နေတဲ့ ဒုရဲအုပ်ကိုပိုင်စိုးနဲ့ စကားပြောထားပါတယ်။

ကိုပိုင်စိုးဟာ ဧရာ၀တီတိုင်း ပုသိမ်မြို့က လူထုဆန္ဒပြပွဲတွေကို ပစ်ခတ်နှိမ်နင်းဖို့ အမိန့်ပေးခံခဲ့ရတဲ့အတွက် လူထုဘက်ကရပ်တည်ပြီး CDM ဆိုတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာဝင်ပါခဲ့ပါတယ်။ လက်ရှိမှာတော့ ထိုင်း - မြန်မာ နယ်စပ်မှာ အခြေခံအလုပ်တွေလုပ်ရင်း ဖြတ်သန်းနေပါတယ်။

ဒီအစီအစဥ်ကို RFA Burmese Facebook နဲ့ YouTube မှာလည်းကြည့်ရှုနားဆင်နိုင်ပါတယ်။